ကြိုးတွေမှာအဓိပ္ပါယ်နှစ်မျိုးရိ
ခိုင်မြဲအောင်ချည်နှောင်ဖို.ရယ်
မပြေးနိုင်အောင်ချုပ်နှောင်ဖို.
ချုပ်နှောင်တဲ့ကြိုးဟာ
ရွှေနဲ.လုပ်ပြီးကျောက်သံချယ်လည်း
အဓိပ္ပါယ်လျော့မသွားပါဘူး။
ငါးမျှားချိတ်နဲ.ငါးမျှားတံဆက်ေ
ရက်စက်ခြင်းတွေပါမယ်
ထီးတော်ကိုအပေါ်ပင့်ဆောင်တဲ့ကြို
မြတ်နိုးမှုတွေပါမယ်
ကြိုးတစ်ချောင်းဟာ
တန်ဖိုးတွေကို ၀ှက်ထားတယ်။
မိတ်ဆွေတစ်ယောက်ကပြောတယ်
သူငယ်ချင်းဘ၀မှာချစ်သူလိုချည်တေ
အံ့သြပျော်ရွှင်ခဲ့တယ်တဲ့
ချစ်သူဘ၀မှာအိမ်ထောင်ရှင်လိုချည
ထိတ်လန်.တွေဝေခဲ့ပါတယ်တဲ့
အိမ်ထောင်ရှင်ဘ၀မှာ
အကျဉ်းသားလိုချည်မှာကြောက်လို.
သူနောက်ဆုတ်ခဲ့ရပါသတဲ့။
ငါ့ကိုဘယ်လိုချည်မှာလဲ
အကြင်နာနဲ.ချည်တဲ့ကြိုးဆိုရင်
ငါတစ်သက်လုံး မရုန်းပဲနေလိုက်တော့မယ်
မချည်ပဲမြဲတဲ့အကြည့်ရှင်လေးကို
လာချည်ဖို.လည်းပြောချင်တယ်
မချည်ဖို.လည်းပြောချင်တယ်
မာန်
No comments:
Post a Comment