ဆရာမရဲ့ တပည့်မလေးပြောပြချက်အရ တစ်နေ့မှာ သူတို့ရဲ့ တက္ကသိုလ်ဆရာမက သူရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ သူရဲ့တပည့်များဖြစ်ကြတဲ့ ကျောင်းသားကျောင်းသူအချို့ကိုလည
ဆရာမဖိတ်ကြားခဲ့တဲ့ ကျောင်းသားကျောင်းသူအားလုံး ဆရာမရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဆရာမရဲ့ မင်္ဂလာပွဲဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း မင်္ဂလာဆောင်တာမျိုး မဟုတ်ဘဲ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း မင်္ဂလာဆောင်တာဆိုတော့ သတို့သမီးဖြစ်သူ ဆရာမဟာ သတို့သားဖြစ်သူ လူမျိုးခြား ဘာသာခြားရဲ့ ခြေဆေးရေ၊ လက်ဆေးရေကို သောက်လည်းသောက်၊ ခန္ဓာကိုယ်ပေါ်ကိုလည်း ပက်ဖြန်းခြင်းခံရပါသတဲ့။ ဒီအချိန်မှာ မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ ကျောင်းသားအချို့က သူတို့ရဲ့ ဆရာမကိုကြည့်ပြီး အံကြိတ်ခံစားခဲ့ရသလို ကျောင်းသူအချို့ကတော့ မျက်ရည်စိုရွှဲ ငိုပွဲတွေ ဖြစ်ခဲ့ရပါတယ်။ တပည့်မလေးလည်း မင်္ဂလာဆောင်လက်ဖွဲ့အဖြစ် ပင့်ဆောင်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို လက်ဖွဲ့ထိုင်ခုံမှာ ထိုင်နေကြတဲ့ အမျိုးသမီးငယ်များကို အကျိုးအကြောင်းပြောပြပြီး ပြန်လည်ပင့်ဆောင်လာခဲ့ ပါတယ်။
နယ်ဘက်က မိတ်ဆွေတစ်ယောက်လည်း သူတို့နယ်ဘက်မှာ မူလတန်းပြ ကျောင်းဆရာမတစ်ယောက်က လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ကျပြီး လူမျိုးခြား ဘာသာခြားဇာတ်ထဲ ဝင်သွားကြောင်းပြောပြဖူးပါတယ်။ ဒီလိုပညာတတ်တဲ့ ရှေ့ဆောင်လမ်းပြ ဆရာမတွေကအစ စည်းကမ်းမရှိ၊ လင်ယူပက်စက်မှုတွေကြောင့် သူတို့ကို မှီပြီး ပညာသင်ယူနေတဲ့ တပည့်သားသမီးတွေအနေနဲ့ မျက်စိလည်လမ်းမှားပြီး အတုလိုက်ကုန်မှာတောင် စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေရပါတယ်။ ဒီအကြောင်းလေးတွေက ဖတ်ကောင်းအောင် တမင်လုပ်ကြံပြီး ရေးထားတာမဟုတ်ပါဘူး။ လောကမှာ မဖြစ်နိုင်ဖူးဘူး။ မဟုတ်နိုင်ဘူးဆိုတဲ့ အရာတွေဟာ တစ်ခါတစ်ရံမှာ အဟုတ်တကယ်ဖြစ်လာခဲ့အခါ အားလုံးအံ့သြကြရပါတယ်။
အခုပြောခဲ့တဲ့ ဆရာမတွေဟာ သူတို့ရဲ့ပညာအရည်အချင်းဟာ သူတစ်ပါးတွေအပေါ်မှာ ဆရာလုပ်နေတာဆိုတော့ ပေါ့သေးသေးမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်နဲ့ အမျိုးဘာသာအပေါ်မှာ သစ္စာမဲ့မှုကတော့ မူကြိုအဆင့်ရှိတဲ့ ကလေးကတောင် ရှုတ်ချမှာသေချာပါတယ်။ ဒီအကြောင်းလေးတွေကို တွေးမိရေးမိတိုင်း အမျိုးဘာသာအတွက် တော်တော်လေးကိုပဲ စိမ်မချမ်းမသာဖြစ်ရပါတယ်။ဗုဒ္ဓဘာ
အချို့ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးလေးတွေ ပညာအလင်းအားကောင်းကြပါတယ်။ ဒါပေမယ့် အချစ်မျက်စိကြတော့ ကန်းနေကြပါတယ်။ မိဘတွေက မိမိတို့ကို ပညာသင်ပေးတယ်ဆိုတာ စဉ်းစားတတ်အောင် ချင့်ချိန်တတ်အောင်၊ တွေးတောကြံစည်မှုတွေ မှန်ကန်အောင် ၊ ဆုံးဖြတ်ချက်တွေ မှန်ကန်အောင် သင်ပေးခဲ့တာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် ဆရာ၊ ဆရာမဆိုတာ ကျောင်းသားကျောင်းသူတွေရဲ့ ပညာအလင်းပြကြယ်တာရာကြီးတွေ ဖြစ်ပါတယ်။ ဒီကြယ်တာရာကြီးတွေဟာ အရောင်မှိန်နေလို့ မဖြစ်ပါဘူး။ အရောင်မှေးမှိန်နေရင် သူတို့ကို မှီခိုအားထားလျှောက်လှမ်းနေကြတဲ
ဒါကြောင့် ဆရာ ဆရာမများအနေနဲ့ မိမိတို့တတ်ထားတဲ့ ပညာလေးကို အမျိုး ဘာသာ သာသနာအရောင် အဝါ လင်းလက်ရအောင် တပည့်သားသမီးများအား ကောင်းမွန်တဲ့အဆုံးအမလေးတွေ ပေးပြီး အမျိုးချစ်တတ်အောင် ဘာသာမြတ်နိုးတတ်အောင် သာသနာတန်ဖိုးထားတတ်အောင် သင်ကြားပေးဖို့ အထူးပဲ အနူးအညွတ်တောင်းပန် လိုက်ပါတယ်။
ဖိုးပညော(သပိတ်ကျင်း)၏ ဆောင်းပါးလေးအား ထပ်မံဖြည့်စွက်ရေးသားထားခြင်းသာ
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိ
မေတ္တာဖြင့်- အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment